Mung..Tsaw..Shayi..Kaw.. nna..Yawng..Hpe..Grai..Kabu..Gara. ai..Myit..Hte.. Hkap..Tau..La..Nga..Ga..ai,,,,,Welcome.. To ..Mung Tsaw ..Shayi,,,,,အားလုံး..ကို..မျိုးချစ်..ပြည်ချစ်..ပျိုမေ..မှ ..လှိုက်လှဲစွာ..ကြိုဆို..နေပါတယ်...

Join The Community

Friday, October 15, 2010

ဟာသလေးပါပဲ

ကားသစ်

ချာတိတ်တစ်ယောက် လမ်းပေါ်တွင် ကြွားနေသည်။
"ငါတို့အဖေ၊ ကားသစ်တစ်စီးရပြီ"
"ဘယ်မှာလဲ အဲဒီကား"
"ကားဂိုဒေါင်ထဲမှာလေ၊ တို့အဖေ တစ်ညလုံး ကားကို ဆေးသစ်သုတ်ပြီး
ကားနံပါတ်ကိုလည်း ပြောင်းလိုက်တယ်"

အလကား မပေးနိုင်ဘူး

ဒဏ်ရာရနေသော ဂျူးတပ်သားကို ရုရှားစစ်သားက ရန်သူများ ဝိုင်းရံထားသည့်
ကြားမှ ကယ်ထုတ်လာသည်။
"အီဗန်၊ ငါ့ကို ပစ်သတ်လိုက်ပါ၊ ဒီဒဏ်ရာနဲ့ ငါသေမယ်ဆိုတာ သေချာတယ်"
"ငါ့ဆီမှာ ကျည်ဆန် မကျန်တော့ဘူးကွ"
"ဒီလိုဆို ငါ့ဆီက နည်းနည်းဝယ်လေ"

အချိန်မရလို့

"ဟေ့ မိန်းမ၊ အိမ်ဝင်တံခါးရှေ့မှာ မင်းဘယ်သူနဲ့ တစ်နာရီကျော်ကြာအောင်
အာလူးဖုတ်နေတာလဲကွ"
"ဘေးအိမ်က မစ္စက်အလက်ဇန်ဒါလေ၊ သူအိမ်ထဲ ဝင်ဘို့ အချိန်မရလို့
လမ်းပေါ်မှာပဲ စကားပြောလိုက်ကြရတာ"

သေချာရအောင်

ဒုဗိုလ် - 'သေနတ်ကို တိုက်ချွတ်ရာမှာ ဘာကနေ စလုပ်သလဲ'
စစ်သား - ' သေနတ်ရဲ့ နံပါတ်ကို အရင်ဆုံး ကြည့်ပါတယ်'
ဒုဗိုလ် - ' ဘာဖြစ်လို့လဲ'
စစ်သား - 'တခြားလူရဲ့ သေနတ်ကို မတိုက်မိအောင်ပါ'

မျှော်လင့်ချက်ရှိသေးတယ်

အသက်အရွယ် ကြီးရင်ပြီ ဖြစ်သော မစ္စတာ ကော်နယ်လီ၏ ငယ်ရွယ်လှပသော
ဇနီးသည် ကွယ်လွန်သွားသည်။ အသုဘချပွဲတွင် မစ္စတာ ကော်နယ်လီသည်
အမူအရာ လုံးဝ မပျက်ချေ။ စိတ်ကို ကြံ့ကြံ့ခိုင်ခိုင် ထိန်းနိုင်ကြောင်း
ထင်ရှားသည်။ သို့သော် ကွယ်လွန်သူဇနီး၏ တိတ်တိတ်ပုန်း ချစ်သူ လူငယ်ကမူ
တစ်ချိန်လုံး ဝမ်းနည်းပက်လက် ငိုယိုလေသည်။ ကိစ္စအဝဝ ပြီးသောအခါ
မစ္စတာကော်နယ်လီသည် လူငယ်အနား ကပ်သွားကာ အောက်ပါအတိုင်း
ပြောလိုက်သည်။
"ဝမ်းနည်းမနေပါနဲ့ ကိုယ်လူရယ်။ ငါနောက်တစ်ခါ မိန်းမ ယူအုံးမှာပါကွ"


ပညာက မနေဘူး

လမ်းဖြတ်ကူးသူကို မော်တော်ဆိုင်ကယ်က ဝင်တိုက်မိပြီး မောင်းပြေးသွားသည်။
အခင်းဖြစ်သည့် နေရာသို့ ရဲသားချက်ချင်းဆိုသလို ရောက်လာသည်။
အတိုက်ခံရသူသည် နာမည်ကြီး ခါးပိုက်နှိုက်သမား ဖြစ်ကြောင်း တွေ့တွေ့ချင်း
ရဲသားက သိလိုက်သည်။
"တိုက်သွားတဲ့ မော်တော်ဆိုင်ကယ်ရဲ့နံပါတ်ကို မင်းမှတ်ထားလိုက်သေလား"
"မမှတ်မိလိုက်ဘူး၊ ဒါပေမယ့် သူ့ပိုက်ဆံအိတ်ကိုတော့ နှိုက်ထားလိုက်တယ်၊ ရော့"

သိချင်လို့တဲ့

"ဟဲ့သား၊ ကော်ပီစာအုပ် အဖုံးမှာ ဘာဖြစ်လို့ ဖေဖေဓာတ်ပုံကို ကော်နဲ့
ကပ်ထားတာလဲ"
ဟု အမေလုပ်သူက ဒုတိယတန်းသား သားငယ်ကို မေးသည်။
"သားရဲ့ အိမ်စာတွေကို ဖြေပေးတဲ့ လူညံရဲ့ မျက်နှာကို မြင်ချင်လိုက်တာလို့
ဆရာမက ပြောလို့ပါ"

အလကား မပေးနိုင်ဘူး

ဒဏ်ရာရနေသော ဂျူးတပ်သားကို ရုရှားစစ်သားက ရန်သူများ ဝိုင်းရံထားသည့်
ကြားမှ ကယ်ထုတ်လာသည်။
"အီဗန်၊ ငါ့ကို ပစ်သတ်လိုက်ပါ၊ ဒီဒဏ်ရာနဲ့ ငါသေမယ်ဆိုတာ သေချာတယ်"
"ငါ့ဆီမှာ ကျည်ဆန် မကျန်တော့ဘူးကွ"
"ဒီလိုဆို ငါ့ဆီက နည်းနည်းဝယ်လေ"

0 comments:

Post a Comment