Mung..Tsaw..Shayi..Kaw.. nna..Yawng..Hpe..Grai..Kabu..Gara. ai..Myit..Hte.. Hkap..Tau..La..Nga..Ga..ai,,,,,Welcome.. To ..Mung Tsaw ..Shayi,,,,,အားလုံး..ကို..မျိုးချစ်..ပြည်ချစ်..ပျိုမေ..မှ ..လှိုက်လှဲစွာ..ကြိုဆို..နေပါတယ်...

Join The Community

Showing posts with label Burmese. Show all posts
Showing posts with label Burmese. Show all posts

Thursday, June 2, 2011

2008 Constitution Articles supporting Land Rights (355, 356, 357, 372)

 
(look at the part that says according to the law and remember that the Tatmadaw makes the law)

၃၅၅။ နိုင်ငံသားတိုင်းသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်း မည်သည့် အရပ် ဒေသ၌ မဆို ဥပဒေနှင့် အညီ ခြေစိုက် နေထိုင်ခွင့်ရှိသည်။

Thursday, March 24, 2011

မြန်မာ-ထိုင်း နယ်စပ် တွင် အင်အား ပြင်း ငလျှင်လှုပ်၊နေပြည်တော် တွင် လည်း လှုပ်

နေပြည် တော်တွင် ည ၈ နာရီ ၄၆ မိနစ် အချိန် ဉ် အင်အား မဂ္ဂနီ ကျူ ၄.၃ အဆင့် ရှိ ငလျှင် နှစ် ခု ရှစ်မိနစ်ခြား
စီလှုပ်ခတ် သွားသည်။ နေ ပြည်တော် ရှိ အဆောက် အဦများ မှန် များ ကွဲ (Updated 9:12 PM)

လာရှီုး နှင့် သီပေါ မြို့  ကြား နေရာကို ဗဟို ပြု ပြီး အင်အား ငယ် ငလျှင် များ ထပ်မံ လှုပ်ခတ် (Updated 9:15 PM)
ထိုင်း နိုင်ငံ ချင်း ရိုင် မြို့  ၏ မြောက် ဘက် မိုင် ၇၀ ခန့် အကွာကို ဗဟို ပြုပြီး လှုပ်ခတ် သွား
သည့် မဂ္ဂနီကျူ ၆ အဆင့် ရှိ ငလျှင် လှုပ် ခတ်ပြီးနောက် တာချီလတ် မြို့  နှင့် ချင်း ရိုင် မြို့ ကြား
နေရာ ကို ဗဟို ပြု ပြီး အင်အား ၇.၀ အဆင့် ရှိသည့် ငလျှင် တစ်ခု ထပ်မံ လှုပ်ခတ်
ခဲ့ခြင်း ကြောင့် တာချီလိတ် မြို့ တွင် အုတ်တံတိုင်း များ ပြိုကျခြင်း နှင့် နေအိမ် အချို့ ပျက်စီး
ခြင်း တို့ ဖြစ် ပေါ်ကြောင်း FreedomNews Group မှ သတင်း ရရှိသည်။
တာချီလိတ် မြို နှင့် နယ်စပ် မယ်ဆိုင် မြို့ ကို ကူး သည့် တံတား အနီး ရှိ ကမ်း နား နေအိမ် အချို့ ပြို
ကျမှု ရှိပြီး တာံတား ရေလည် တိုင် များ လည်း ပျက်စီး မှု ရှိ ၍  နယ်စပ် ဖြတ်ကျော် တံတား ကို ပိတ်
ထားလိုက်သည် ဟု တာချီလိတ် မြို့ မှ ကျန်းမာ ရေး ၀န်ထမ်း တစ်ဦးက FNG သို့ ပြောသည်။
ငလျှင် ငယ်များ ထပ်မံ လှုပ်ခတ်နေ သေးသည် ဟု အကောက် ခွန် ၀န်ထမ်း တစ် ဦး က ပြောသည်။
မယ်ဆိုင်မြို့ ၏ မြောက် ဘက် မိုင် ၂၀ ခန့် နေရာ ကို ဗဟို ပြု ပြီး ထပ်မံ လှုပ်သည့် ငလျှင် ကြောင့်
တာချီလိတ် တွင် ပျက်စီး ဆုံးရှုံး မှု များ ရှိသည်။
တယ်လီ ဖုန်း လိုင်း များပြတ်တောက် ည ၉း၀၀ (မြန်မာ စံတော်ချိန်)
မြန်မာ ဖုန်းလိုင်း များ ပြတ်တောက် သွား ပြီး ထိုင်း တယ်လီ ဖုန်း လိုင်း (မယ် ဆိုင်)(ချင်းမိုင်)
ဖြင့် နောက် ဆုံး ရရှိသည့် သတင်း များ ကို ဆက် ဖော်ပြပေး သွား ပါမည်။
တာချီလိတ် မြို့ တွင် ငလျှင် ငယ် များ ထပ် လှုပ် တယ်လီဖုန်း လိုင်း၊ GSM ဆက်သွယ်မှု လိုင်းများ
ပြတ်တောက် သွားပြီး FNG နှင့် တာချီလိတ် မြို့ ခံ စကား ပြောရင်း ပြတ်တောက်သွား သည်။
အခြား တာ ချီလိတ် တယ်လီ ဖုန်းများ ခေါ် ဆို ၍ မရ ။

Wednesday, December 22, 2010

ကြိုတင်ဂိုး မကယ်လို့ ရှုံးရတဲ့ပွဲ

ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ ချင်းမိုင်မြို့တွင် ကျင်းပသည့် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရာ နေရာသို့ ရောက်နေကြသည်။ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် မြန်မာက ဆီမီးဖိုင်နယ်သို့တက်ပြီး အိမ်ရှင် ထိုင်းနှင့် ကန်ရမည် ဖြစ်သောကြောင့် မြန်မာအသင်းကို အားပေးရန် ပွဲကြည့်စင်ပေါ်တွင် နေရာ ယူထားကြသည်။

cmnatထိုင်းက အားပေးရန် ငှားထားသည့် တီးဝိုင်းဆရာများမှာ တဝုန်းဝုန်း နားညည်းလောက်အောင် တီးနေကြသကဲ့သို့ ချင်းမိုင်ရောက်မြန်မာများကလည်း မြန်မာအသင်းကို အားကြိုးမာန်တက် သံကုန် အော်ဟစ် အားပေးကြသည်။

ထိုစဉ် ဦးရုက္ခစိုးနား၌ လူတဦးလာထိုင်ကာ နားနားကပ်၍ “ဒီမှာ … ဒီမှာ … ဒီပြိုင်ပွဲ ကွင်းထဲမှာ မိုးသီးဇူလိုင် ရောက်နေ တယ်ဆို” ဟု မေးလိုက်သည်။

ဖိုးရှုပ်။     ။ ဟာ … ပညာရေး ဒု ဝန်ကြီး ဦးကြောင်မျိုးမင်းပါလား။

Monday, December 6, 2010

ဒေါ်စုကို ဝေဖန်သော ဆောင်းပါး ဂျာနယ်များကို ဖော်ပြခိုင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဝေဖန်သည့် ဆောင်းပါးအား ယခုတပတ် ပြည်တွင်းထုတ် ဂျာနယ် ၃ စောင်ထက်မနည်းတွင် ပြန်ကြားရေးဝန်ကြီးဌာနက ထည့်ခိုင်းသည်။

ကချင်ပြည်နယ်တွင် စစ်ရေးပြင်ဆင်

ကချင် အမျိုးသား လွတ်လပ်ရေး အဖွဲ့ (KIO)ထိန်းချုပ်ထားသော ကချင်ပြည်နယ် မြစ်ကြီးနားနှင့် လိုင်ဇာဌာနချုပ် ဒေသများ တွင် ယခင်တိုးချဲ့ထားသည့် နအဖ စစ်အစိုးရတပ်များ ယခုရက်ပိုင်းအတွင်း စစ်ရေးအရ ပို၍လှုပ်ရှားလာကြောင်း KIOဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ဧရာဝတီသို့ ပြောသည်။

kia002
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ စစ်ရေး လေ့ကျင့်နေကြစဉ် (ဓာတ်ပုံ - Time)
“အရင်ကတည်းက ရှိပြီးသား တပ်တွေက ပိုပြီးတော့ လှုပ်ရှားလာတဲ့ သဘောပါ၊ အဲဒီတော့ ဘာတွေ ဖြစ်လာမလဲဆိုတော့ ရှေ့ တန်မှာ တာဝန် ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေ အပေါ်မှာပဲ မူတည်တယ်”ဟု ပြောသည်။ KIO ထိန်းချုပ် နယ်မြေ အတွင်း၌ စစ်ရေးအရ အသင့်ပြင်ဆင်ထားကြောင်းလည်း ၎င်းက ဆိုသည်။

စစ်အစိုးရနှင့် DKBA တိုက်ပွဲ ဆက်ဖြစ်

စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ မြ၀တီမြို့နယ် အတွင်းရှိ မေတ္တာလင်းမြိုင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ ကြောင်းသိရသည်။

မြဝတီ မြို့နယ်အတွင်း စစ်အစိုးရတပ်နှင့် DKBA တပ်များ တိုက်ပွဲ ဆက်တိုက် ဖြစ်နေသောကြောင့် ဒုက္ခသည်များလည်း ထိုင်းနိုင်ငံဘက်သို့ ပြေးဝင် ခိုလှုံနေရဆဲဖြစ်သည် (ဓာတ်ပုံ - ဧရာဝတီ)

မေတ္တာလင်းမြိုင်ဒေသ၌ ယနေ့ နံနက် ၅ နာရီခန့်တွင် နအဖ စစ်တပ်က လက်နက်ကြီးများဖြင့် အချက် ၂၀ ခန့် ပစ်ခတ် ကြောင်း ယင်းကျေးရွာအနီးရှိ ဒေသခံများက ဆိုသည်။

ယနေ့တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသူများ မရှိသော်လည်း ပြီးခဲ့သည့် သောကြာနေ့မှ  စတင်၍ ထွက်ပြေးလာသူ လူဦးရေ ၁၀၀၀ ကျော် ရှိနေသေးကြောင်း၊ ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကို ထိုင်း အာဏာပိုင် များက ထိုင်းနယ်ခြားစောင့် စခန်းဝန်းအတွင်း စောင့်ရှောက်ထားကြောင်း သိရသည်။

Thursday, October 28, 2010

နံပါတ်ဝမ်းနှင့် နံပါတ်ဝမ်းတွေ

ဦးအလံမလှဲ

ကိုတူမောင်က ဦးလေးကြီးအား မေးခွန်းတခု မေးလိုက်သည်။ ဦးလေးကြီးက ဤသို့ ရှင်းရှင်းပြတ်ပြတ် ဖြေ၏။

“လွတ်လပ်ရေးရအပြီး … ဟုတ်ပြီ။ ပထမဦးဆုံး နံပါတ်ဝမ်းက နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု။ ဦးနုနံပါတ်ဝမ်း ဖြစ်လာပုံက ဒီလို။ပြည်သူတွေက အမတ်မင်းတွေကို မဲပေးရွေးချယ်။ အဲဒီအမတ်မင်းတွေက ဦးနုကို နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် အများဆန္ဒအရ တင်မြှောက်။ ဒီလိုနဲ့ ဦးနုက ဒီမိုကရေစီကျကျ ပထမဦးဆုံး နံပါတ်ဝမ်းဖြစ်လာတာ”

Wednesday, October 20, 2010

လုပ်ငန်းခွင်မှာ ထိခိုက်ခံရတဲ့ အလုပ်သမား ၂ ဦး ဥပေက္ခာပြုခံရ

(မလေးရှားရောက် မြန်မာတဦးက ဧရာဝတီကို ရေးသား ပေးပို့လာတာပါ။ ဓာတ်ပုံမှာ ပါသူကတော့ ကိုချန်ဖုန်းပါ။ ကျန်တယောက်ကတော့ ဆေးရုံမှာပဲ ရှိပါသေးတယ်)

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ၊ စီတားပါက် (Setapack)၊ Genting Klang လမ်းပေါ်ရှိ Chong Fatt တရုတ်စားသောက်ဆိုင်တွင် အလုပ်လုပ်နေသော ကချင်ဒုက္ခသည် ၂ ဦးသည် လုပ်ငန်းခွင်၌ မီးလောင်ခံရသော်လည်း အလုပ်ရှင်များက တာဝန်မယူသည့်အပြင် ဆေးရုံသို့လည်း ပို့ဆောင်ပေးခြင်း မရှိကြောင်း သိရသည်။

Monday, October 18, 2010

အသက်ကြီးပေမယ့် အချိန်မစီးသူ

အသက်ကြီးပြီး အချိန်မစီးဘူး ဆိုတာက အကြမ်းအားဖြင့် အသက်ကြီးသူ တယောက်ဟာ အလုပ်တခုခုကို လုပ်တော့မယ်ဆိုရင် ဉာဏ်ပညာနဲ့ ရှေ့နောက် ဆင်ခြင်စဉ်းစား တွေးခေါ်ခြင်း၊ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ခြင်း မရှိသူကို ဆိုလိုခြင်းဖြစ်ပါတယ်။

အဲဒီလို အသက်ကြီးပြီး အချိန်မစီးသူတွေထဲမှာ နအဖ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်မှူးကြီးလည်း ပါဝင်ပါတယ်။ သူအချိန် မစီးပုံကို အောက်ပါသတင်းတပုဒ်အရ သိနိုင်ပါတယ်။ သတင်းခေါင်းစဉ်က “လုပ်ကြံခံရမည်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိုးရိမ်”။ အဲဒီ သတင်းခေါင်းစဉ်အောက်မှာ - ရွေးကောက်ပွဲမတိုင်မီ “ဗိုလ်ချုပ်မှူးကြီးကို ပြည်ပက လက်ဖြောင့် သေနတ်သမား တွေလာပြီး လုပ်ကြံခြင်း၊ ကားဖြင့် အသေခံဗုံးခွဲ လုပ်ကြံခြင်းဖြစ်မည်ကို အထူးစိုးရိမ်လျက်ရှိကြောင်း”၊ “ဗိုလ်ချူပ်မှူးကြီးကို လုပ်ကြံသူများမှာ မြ၀တီ မဲဆောက်တို့ဘက်က လာမည်ဟုကြားကြောင်း” ဖော်ပြထားတာတွေ့ ရပါတယ်။ (ဧရာဝတီ-၂၀၁၀-စက်တင်ဘာ-၂)