Mung..Tsaw..Shayi..Kaw.. nna..Yawng..Hpe..Grai..Kabu..Gara. ai..Myit..Hte.. Hkap..Tau..La..Nga..Ga..ai,,,,,Welcome.. To ..Mung Tsaw ..Shayi,,,,,အားလုံး..ကို..မျိုးချစ်..ပြည်ချစ်..ပျိုမေ..မှ ..လှိုက်လှဲစွာ..ကြိုဆို..နေပါတယ်...

Join The Community

Wednesday, December 22, 2010

ကြိုတင်ဂိုး မကယ်လို့ ရှုံးရတဲ့ပွဲ

ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ ချင်းမိုင်မြို့တွင် ကျင်းပသည့် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရာ နေရာသို့ ရောက်နေကြသည်။ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် မြန်မာက ဆီမီးဖိုင်နယ်သို့တက်ပြီး အိမ်ရှင် ထိုင်းနှင့် ကန်ရမည် ဖြစ်သောကြောင့် မြန်မာအသင်းကို အားပေးရန် ပွဲကြည့်စင်ပေါ်တွင် နေရာ ယူထားကြသည်။

cmnatထိုင်းက အားပေးရန် ငှားထားသည့် တီးဝိုင်းဆရာများမှာ တဝုန်းဝုန်း နားညည်းလောက်အောင် တီးနေကြသကဲ့သို့ ချင်းမိုင်ရောက်မြန်မာများကလည်း မြန်မာအသင်းကို အားကြိုးမာန်တက် သံကုန် အော်ဟစ် အားပေးကြသည်။

ထိုစဉ် ဦးရုက္ခစိုးနား၌ လူတဦးလာထိုင်ကာ နားနားကပ်၍ “ဒီမှာ … ဒီမှာ … ဒီပြိုင်ပွဲ ကွင်းထဲမှာ မိုးသီးဇူလိုင် ရောက်နေ တယ်ဆို” ဟု မေးလိုက်သည်။

ဖိုးရှုပ်။     ။ ဟာ … ပညာရေး ဒု ဝန်ကြီး ဦးကြောင်မျိုးမင်းပါလား။

Monday, December 13, 2010

သခင်အောင်ဆန်းတရား ( ကဗျာ - ဇော်ဂျီ )



ဗေဒါလမ်း

ညိုပြာပြာ လတာပြင့်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြည်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွံ၊ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။
ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀)

Monday, December 6, 2010

မော်ဒန် ရွှေစွန်ညို

မြန်မာပြည် ဘာတွေလိုလို့ မဲမှောင်တယ်။
မီး မလာလို့ မဲမှောင်တယ်။
ရေမီး မလာ ပြည်ကြီးမှာ။
လာပါရဲ့သား ရောင်းလို့ စား။
လျှပ်စစ်ဓာတ်အား ရှားလှတယ်။
မီးစက် မောင်းပြီးလင်းပါ့မယ်။
လောင်စာ ကုန်ကြမ်း ရောင်းလို့ ခမ်း။
ဖယောင်းတိုင် မီးနဲလင်းပါမယ်။
ရေနံ ကုန်ကြမ်း ရောင်းလို့ ခမ်း။
ငွေ လရောင်နဲလင်းပါမယ်။
လ ရောင်ကုန်ကြမ်း ရောင်းလို့ ခမ်း။
ငွေ လရောင် ဘယ် မခမ်း။
သုံး ကြ တို့ ခွဲ တမ်း ။ ။
ရှင်ရဲထွဋ်

ခုခေတ် ကလေးတွေ ရွှေစွန်ညို ဖမ်းတမ်း ကစားရင် အခုကဗျာထဲကအတိုင်း ရွတ်ကြတော့မယ်ထင်ပါရဲ့။ ပရိသတ်တယောက်ပေးပို့တဲ့ သရော်စာ ကဗျာလေးကို ဖော်ပြလိုက်ပါတယ်။

ဒေါ်စုကို ဝေဖန်သော ဆောင်းပါး ဂျာနယ်များကို ဖော်ပြခိုင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဝေဖန်သည့် ဆောင်းပါးအား ယခုတပတ် ပြည်တွင်းထုတ် ဂျာနယ် ၃ စောင်ထက်မနည်းတွင် ပြန်ကြားရေးဝန်ကြီးဌာနက ထည့်ခိုင်းသည်။

ကချင်ပြည်နယ်တွင် စစ်ရေးပြင်ဆင်

ကချင် အမျိုးသား လွတ်လပ်ရေး အဖွဲ့ (KIO)ထိန်းချုပ်ထားသော ကချင်ပြည်နယ် မြစ်ကြီးနားနှင့် လိုင်ဇာဌာနချုပ် ဒေသများ တွင် ယခင်တိုးချဲ့ထားသည့် နအဖ စစ်အစိုးရတပ်များ ယခုရက်ပိုင်းအတွင်း စစ်ရေးအရ ပို၍လှုပ်ရှားလာကြောင်း KIOဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ဧရာဝတီသို့ ပြောသည်။

kia002
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ စစ်ရေး လေ့ကျင့်နေကြစဉ် (ဓာတ်ပုံ - Time)
“အရင်ကတည်းက ရှိပြီးသား တပ်တွေက ပိုပြီးတော့ လှုပ်ရှားလာတဲ့ သဘောပါ၊ အဲဒီတော့ ဘာတွေ ဖြစ်လာမလဲဆိုတော့ ရှေ့ တန်မှာ တာဝန် ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေ အပေါ်မှာပဲ မူတည်တယ်”ဟု ပြောသည်။ KIO ထိန်းချုပ် နယ်မြေ အတွင်း၌ စစ်ရေးအရ အသင့်ပြင်ဆင်ထားကြောင်းလည်း ၎င်းက ဆိုသည်။

စစ်အစိုးရနှင့် DKBA တိုက်ပွဲ ဆက်ဖြစ်

စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ မြ၀တီမြို့နယ် အတွင်းရှိ မေတ္တာလင်းမြိုင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ ကြောင်းသိရသည်။

မြဝတီ မြို့နယ်အတွင်း စစ်အစိုးရတပ်နှင့် DKBA တပ်များ တိုက်ပွဲ ဆက်တိုက် ဖြစ်နေသောကြောင့် ဒုက္ခသည်များလည်း ထိုင်းနိုင်ငံဘက်သို့ ပြေးဝင် ခိုလှုံနေရဆဲဖြစ်သည် (ဓာတ်ပုံ - ဧရာဝတီ)

မေတ္တာလင်းမြိုင်ဒေသ၌ ယနေ့ နံနက် ၅ နာရီခန့်တွင် နအဖ စစ်တပ်က လက်နက်ကြီးများဖြင့် အချက် ၂၀ ခန့် ပစ်ခတ် ကြောင်း ယင်းကျေးရွာအနီးရှိ ဒေသခံများက ဆိုသည်။

ယနေ့တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသူများ မရှိသော်လည်း ပြီးခဲ့သည့် သောကြာနေ့မှ  စတင်၍ ထွက်ပြေးလာသူ လူဦးရေ ၁၀၀၀ ကျော် ရှိနေသေးကြောင်း၊ ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကို ထိုင်း အာဏာပိုင် များက ထိုင်းနယ်ခြားစောင့် စခန်းဝန်းအတွင်း စောင့်ရှောက်ထားကြောင်း သိရသည်။