Mung..Tsaw..Shayi..Kaw.. nna..Yawng..Hpe..Grai..Kabu..Gara. ai..Myit..Hte.. Hkap..Tau..La..Nga..Ga..ai,,,,,Welcome.. To ..Mung Tsaw ..Shayi,,,,,အားလုံး..ကို..မျိုးချစ်..ပြည်ချစ်..ပျိုမေ..မှ ..လှိုက်လှဲစွာ..ကြိုဆို..နေပါတယ်...

Join The Community

Wednesday, December 22, 2010

ကြိုတင်ဂိုး မကယ်လို့ ရှုံးရတဲ့ပွဲ

ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ ချင်းမိုင်မြို့တွင် ကျင်းပသည့် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရာ နေရာသို့ ရောက်နေကြသည်။ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် မြန်မာက ဆီမီးဖိုင်နယ်သို့တက်ပြီး အိမ်ရှင် ထိုင်းနှင့် ကန်ရမည် ဖြစ်သောကြောင့် မြန်မာအသင်းကို အားပေးရန် ပွဲကြည့်စင်ပေါ်တွင် နေရာ ယူထားကြသည်။

cmnatထိုင်းက အားပေးရန် ငှားထားသည့် တီးဝိုင်းဆရာများမှာ တဝုန်းဝုန်း နားညည်းလောက်အောင် တီးနေကြသကဲ့သို့ ချင်းမိုင်ရောက်မြန်မာများကလည်း မြန်မာအသင်းကို အားကြိုးမာန်တက် သံကုန် အော်ဟစ် အားပေးကြသည်။

ထိုစဉ် ဦးရုက္ခစိုးနား၌ လူတဦးလာထိုင်ကာ နားနားကပ်၍ “ဒီမှာ … ဒီမှာ … ဒီပြိုင်ပွဲ ကွင်းထဲမှာ မိုးသီးဇူလိုင် ရောက်နေ တယ်ဆို” ဟု မေးလိုက်သည်။

ဖိုးရှုပ်။     ။ ဟာ … ပညာရေး ဒု ဝန်ကြီး ဦးကြောင်မျိုးမင်းပါလား။

Monday, December 13, 2010

သခင်အောင်ဆန်းတရား ( ကဗျာ - ဇော်ဂျီ )



ဗေဒါလမ်း

ညိုပြာပြာ လတာပြင့်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြည်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွံ၊ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။
ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀)

Monday, December 6, 2010

မော်ဒန် ရွှေစွန်ညို

မြန်မာပြည် ဘာတွေလိုလို့ မဲမှောင်တယ်။
မီး မလာလို့ မဲမှောင်တယ်။
ရေမီး မလာ ပြည်ကြီးမှာ။
လာပါရဲ့သား ရောင်းလို့ စား။
လျှပ်စစ်ဓာတ်အား ရှားလှတယ်။
မီးစက် မောင်းပြီးလင်းပါ့မယ်။
လောင်စာ ကုန်ကြမ်း ရောင်းလို့ ခမ်း။
ဖယောင်းတိုင် မီးနဲလင်းပါမယ်။
ရေနံ ကုန်ကြမ်း ရောင်းလို့ ခမ်း။
ငွေ လရောင်နဲလင်းပါမယ်။
လ ရောင်ကုန်ကြမ်း ရောင်းလို့ ခမ်း။
ငွေ လရောင် ဘယ် မခမ်း။
သုံး ကြ တို့ ခွဲ တမ်း ။ ။
ရှင်ရဲထွဋ်

ခုခေတ် ကလေးတွေ ရွှေစွန်ညို ဖမ်းတမ်း ကစားရင် အခုကဗျာထဲကအတိုင်း ရွတ်ကြတော့မယ်ထင်ပါရဲ့။ ပရိသတ်တယောက်ပေးပို့တဲ့ သရော်စာ ကဗျာလေးကို ဖော်ပြလိုက်ပါတယ်။

ဒေါ်စုကို ဝေဖန်သော ဆောင်းပါး ဂျာနယ်များကို ဖော်ပြခိုင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဝေဖန်သည့် ဆောင်းပါးအား ယခုတပတ် ပြည်တွင်းထုတ် ဂျာနယ် ၃ စောင်ထက်မနည်းတွင် ပြန်ကြားရေးဝန်ကြီးဌာနက ထည့်ခိုင်းသည်။

ကချင်ပြည်နယ်တွင် စစ်ရေးပြင်ဆင်

ကချင် အမျိုးသား လွတ်လပ်ရေး အဖွဲ့ (KIO)ထိန်းချုပ်ထားသော ကချင်ပြည်နယ် မြစ်ကြီးနားနှင့် လိုင်ဇာဌာနချုပ် ဒေသများ တွင် ယခင်တိုးချဲ့ထားသည့် နအဖ စစ်အစိုးရတပ်များ ယခုရက်ပိုင်းအတွင်း စစ်ရေးအရ ပို၍လှုပ်ရှားလာကြောင်း KIOဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ဧရာဝတီသို့ ပြောသည်။

kia002
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ စစ်ရေး လေ့ကျင့်နေကြစဉ် (ဓာတ်ပုံ - Time)
“အရင်ကတည်းက ရှိပြီးသား တပ်တွေက ပိုပြီးတော့ လှုပ်ရှားလာတဲ့ သဘောပါ၊ အဲဒီတော့ ဘာတွေ ဖြစ်လာမလဲဆိုတော့ ရှေ့ တန်မှာ တာဝန် ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေ အပေါ်မှာပဲ မူတည်တယ်”ဟု ပြောသည်။ KIO ထိန်းချုပ် နယ်မြေ အတွင်း၌ စစ်ရေးအရ အသင့်ပြင်ဆင်ထားကြောင်းလည်း ၎င်းက ဆိုသည်။

စစ်အစိုးရနှင့် DKBA တိုက်ပွဲ ဆက်ဖြစ်

စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ မြ၀တီမြို့နယ် အတွင်းရှိ မေတ္တာလင်းမြိုင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ ကြောင်းသိရသည်။

မြဝတီ မြို့နယ်အတွင်း စစ်အစိုးရတပ်နှင့် DKBA တပ်များ တိုက်ပွဲ ဆက်တိုက် ဖြစ်နေသောကြောင့် ဒုက္ခသည်များလည်း ထိုင်းနိုင်ငံဘက်သို့ ပြေးဝင် ခိုလှုံနေရဆဲဖြစ်သည် (ဓာတ်ပုံ - ဧရာဝတီ)

မေတ္တာလင်းမြိုင်ဒေသ၌ ယနေ့ နံနက် ၅ နာရီခန့်တွင် နအဖ စစ်တပ်က လက်နက်ကြီးများဖြင့် အချက် ၂၀ ခန့် ပစ်ခတ် ကြောင်း ယင်းကျေးရွာအနီးရှိ ဒေသခံများက ဆိုသည်။

ယနေ့တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသူများ မရှိသော်လည်း ပြီးခဲ့သည့် သောကြာနေ့မှ  စတင်၍ ထွက်ပြေးလာသူ လူဦးရေ ၁၀၀၀ ကျော် ရှိနေသေးကြောင်း၊ ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကို ထိုင်း အာဏာပိုင် များက ထိုင်းနယ်ခြားစောင့် စခန်းဝန်းအတွင်း စောင့်ရှောက်ထားကြောင်း သိရသည်။

Tuesday, November 2, 2010

လွဲလွဲလေးပဲ ကောင်းပါတယ်

နိုင်ငံတော် အစိုးရမှ ဥပဒေသစ်တရပ်ကို ထုတ်ပြန်ကြေငြာလိုက်ရာဝယ်...
လက်ထပ်ထားပြီးငါးနှစ်အတွင်းမှာ အကြင်လင်မယားတိုင်း ရင်သွေးတယောက် ရရှိထားပြီး ဖြစ်ရပါမယ်
တဲ့။ ဒီတာဝန်ကို မကျေပွန်ခဲ့ရင် သက်ဆိုင်ရာမှ ကြီးကြပ်၍ ယောက်ျားတယောက်ကိုစေလွှတ်ကာ ထိုအိမ်ထောင်ရှင်မအား မိခင်တယောက် ဖြစ်လာစေရေးအတွက်လိုအပ်သည်များကို တာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါသတဲ့။

ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည် ကျင်းပပြီး နောက်တနေ့မှာ တော့ အခုထိ ကလေးမရသေးတဲ့ အကြင်စုံတွဲဟာ ဒီကိစ္စကို စဉ်းစားရတော့တာပေါ့...

ယောက်ျားလုပ်သူက...

"မိန်းမရေ... ကိုယ်ကတော့အလုပ် သွားရတော့မယ်ကွာ။ ဒီကနေ့ သက်ဆိုင်ရာ ရုံးချုပ်ကလွှတ်တဲ့လူ လာလိမ့်မယ် ထင်တယ်။ ဘယ်တတ်နိုင်မှာလဲ အချစ်ရာ။ ကိုယ်ကမှအဖြစ်မရှိခဲ့တာကိုး။ မင်းသာ ဖြစ်လာသမျှကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ပေတော့။
ကိုယ်သွားတော့မယ်ကွာ... "

Saturday, October 30, 2010

News editor tortured, given 13 years

By FRANCIS WADE

 The editor of a Karenni state-based news journal has been given a 13-year prison sentence after being convicted on a raft of media charges.
 
The sentencing of Nyi Nyi Tun, the editor of Kantarawaddy News Journal, has drawn scathing condemnation of the Burmese junta from international media groups. He had already been in detention for a year when the sentence was passed on 14 October, with charges ranging from contact with an exiled news group to using electronic media without permission.

KIO Ningbaw Malai, USA Jinghpaw ni hte hkrum

Maigan hkrunlam hkawm nga ai, Wunpawng Mungdan Shanglawt Hpung (KIO) a Ningbaw Malai, Lat Du Daju Jum N’ban La Awng gaw, USA e du nga ai tinang J.W amyusha ni hte mung, hkrum shaga sai re.

KIO Ningbaw Malai gaw USA e du nga tinang amyusha ni hte, Florida mungdaw, Jacksonville e October 23-24, lahkawng ya, KIO hte amyusha shawnglam hte seng nna hkrum bawngban lu sai re.

Hanoi Holiday for the Junta

By SIMON ROUGHNEEN
HANOI—Reports coming from the 17th Association of Southeast Asian Nations (Asean) Summit in Hanoi say the Burmese representatives have come under pressure from Asean counterparts to add some credibility to the country’s Nov. 7 general election.

However, apart from Indonesia Foreign Minister Marty Natelegawa, his Philippines counterpart Alberto Romulo and President of the Philippines Benigno Aquino III, Asean leaders have kept quiet about the upcoming vote.

Views Differ on UN Commission of Inquiry on Burma: US

By LALIT K JHA
WASHINGTON—A day after US Secretary of State Hillary Clinton reaffirmed America’s support for the UN Commission of Inquiry, the Obama Administration acknowledged on Friday that attitudes towards the commission differ among UN member countries.

At a press briefing on Oct. 29, US State Department spokesman, P J Crowley, told reporters that the US is consulting with countries on how to move forward with regard to establishing the UN Commission of Inquiry against the Burmese military junta.

Thursday, October 28, 2010

နံပါတ်ဝမ်းနှင့် နံပါတ်ဝမ်းတွေ

ဦးအလံမလှဲ

ကိုတူမောင်က ဦးလေးကြီးအား မေးခွန်းတခု မေးလိုက်သည်။ ဦးလေးကြီးက ဤသို့ ရှင်းရှင်းပြတ်ပြတ် ဖြေ၏။

“လွတ်လပ်ရေးရအပြီး … ဟုတ်ပြီ။ ပထမဦးဆုံး နံပါတ်ဝမ်းက နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု။ ဦးနုနံပါတ်ဝမ်း ဖြစ်လာပုံက ဒီလို။ပြည်သူတွေက အမတ်မင်းတွေကို မဲပေးရွေးချယ်။ အဲဒီအမတ်မင်းတွေက ဦးနုကို နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် အများဆန္ဒအရ တင်မြှောက်။ ဒီလိုနဲ့ ဦးနုက ဒီမိုကရေစီကျကျ ပထမဦးဆုံး နံပါတ်ဝမ်းဖြစ်လာတာ”

ဟာသလေးပါပဲ

မဖြစ်နိုင်ဘူး

တခါက လူတယောက်က ဧည့်ခန်းထဲမှာ တီဗွီထိုင်ကြည့်နေတယ်..အဲဒီအချိန်
တံခါးခေါက်သံကို သူကြားလိုက်တယ်..ပြန်မေးလိုက်တယ်.
`ဘယ်သူလဲ´
အပြင်က ပြန်ဖြေတယ်။
`ငါပဲ´
အထဲက လူအ၇မ်းလန့်သွားတယ်..သူမှန်ေ၇ှ့ကိုပြေးပြီး သွားကြည့်လိုက်တယ်..မှန်ထဲမှာ
သူ့အ၇ိပ်ကို သူမြင်နေ၇တယ်..ဒီတော့မှပြန် အော် ပြောလိုက်တယ်..
`မဖြစ်နိုင်ဘူး..ငါက ဒီမှာ ၇ှိနေတာပဲဟာ´


ဒီနေ၇ာမှ ဟုတ်၇ဲ့လား

တခါက ဘု၇ားကျောင်းတခုမှာ နှစ်ခြင်းခံယူပွဲ လုပ်နေတယ်..ဘုန်းတော်ကြီးက
နှစ်ခြင်းခံမယ့် လူ၇ဲ့ခေါင်းကိုေ၇ကန်ထဲ ဆွဲနှစ်လိုက်ပြီး မေးလိုက်တယ်..
`ယေ၇ှုခ၇စ်စ်ကို မြင်ပြီလား´
အနှစ်ခံ၇တဲ့လူ ၀ူးဝူးဝါးဝါးနဲ့ ခေါင်းမော့ပြီးပြန်ဖြေတယ်..
`ဟင့်အင်း´
ဘုန်းတော်ကြီးက နောက်တခါထပ်နှစ်တယ်..ထပ်မေးတယ်..
`ယေ၇ှုခ၇စ်စ်ကို မြင်ပြီလား´
ဟိုလူကလဲ ၀ူးဝူးဝါးဝါးနဲ့ ပြန်ဖြေတယ်..
`ဟင့်အင်း`
ဘုန်းတော်ကြီးက ယေ၇ှုခ၇စ်စ်ကို မမြင်မချင်း ခေါင်းကိုေ၇ထဲ
ဆွဲဆွဲနှစ်ပြီးမေးတယ် ..ဟိုလူကလဲ
မမြင်ဘူး..ေ၇ပဲမွန်းလာတယ်.. ကြာလာတော့ အဲဒီလူ ဒေါသထွက်ပြီး
ဘုန်းတော်ကြီးကို ပြန်မေးလိုက်တယ်..
`ခင်ဗျားယေ၇ှုေ၇နစ်သွားတာ ဒီနေ၇ာမှ ဟုတ်၇ဲ့လား´
(ပျော်စေလိုသော သဘောနှင့်သာေ၇းသားပါသည်..မည်သည့် ၇ည်၇ွယ်ချက်မျှ ဆိုး၇ွားစွာမ၇ှိပါ)

Thursday, October 21, 2010

ပရောက်စီလင့်

Wednesday, October 20, 2010

မဆော့နဲ့

မမရဲ့ အင်္ကျီကိုချွတ်လိုက်
မမရဲ့ စကပ် ကိုလဲချွတ်
မမရဲ့ ဘရာစီယာ ကိုလဲချွတ်လိုက်
မမရဲ့ အတွင်းခံဘောင်းဘီပါချွတ်
နောက်မှတ်ထား မမရဲ့ အဝတ်အစားတွေကိုယူမဆော့နဲ့

လုပ်ငန်းခွင်မှာ ထိခိုက်ခံရတဲ့ အလုပ်သမား ၂ ဦး ဥပေက္ခာပြုခံရ

(မလေးရှားရောက် မြန်မာတဦးက ဧရာဝတီကို ရေးသား ပေးပို့လာတာပါ။ ဓာတ်ပုံမှာ ပါသူကတော့ ကိုချန်ဖုန်းပါ။ ကျန်တယောက်ကတော့ ဆေးရုံမှာပဲ ရှိပါသေးတယ်)

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ၊ စီတားပါက် (Setapack)၊ Genting Klang လမ်းပေါ်ရှိ Chong Fatt တရုတ်စားသောက်ဆိုင်တွင် အလုပ်လုပ်နေသော ကချင်ဒုက္ခသည် ၂ ဦးသည် လုပ်ငန်းခွင်၌ မီးလောင်ခံရသော်လည်း အလုပ်ရှင်များက တာဝန်မယူသည့်အပြင် ဆေးရုံသို့လည်း ပို့ဆောင်ပေးခြင်း မရှိကြောင်း သိရသည်။

Monday, October 18, 2010

အသက်ကြီးပေမယ့် အချိန်မစီးသူ

အသက်ကြီးပြီး အချိန်မစီးဘူး ဆိုတာက အကြမ်းအားဖြင့် အသက်ကြီးသူ တယောက်ဟာ အလုပ်တခုခုကို လုပ်တော့မယ်ဆိုရင် ဉာဏ်ပညာနဲ့ ရှေ့နောက် ဆင်ခြင်စဉ်းစား တွေးခေါ်ခြင်း၊ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ခြင်း မရှိသူကို ဆိုလိုခြင်းဖြစ်ပါတယ်။

အဲဒီလို အသက်ကြီးပြီး အချိန်မစီးသူတွေထဲမှာ နအဖ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်မှူးကြီးလည်း ပါဝင်ပါတယ်။ သူအချိန် မစီးပုံကို အောက်ပါသတင်းတပုဒ်အရ သိနိုင်ပါတယ်။ သတင်းခေါင်းစဉ်က “လုပ်ကြံခံရမည်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိုးရိမ်”။ အဲဒီ သတင်းခေါင်းစဉ်အောက်မှာ - ရွေးကောက်ပွဲမတိုင်မီ “ဗိုလ်ချုပ်မှူးကြီးကို ပြည်ပက လက်ဖြောင့် သေနတ်သမား တွေလာပြီး လုပ်ကြံခြင်း၊ ကားဖြင့် အသေခံဗုံးခွဲ လုပ်ကြံခြင်းဖြစ်မည်ကို အထူးစိုးရိမ်လျက်ရှိကြောင်း”၊ “ဗိုလ်ချူပ်မှူးကြီးကို လုပ်ကြံသူများမှာ မြ၀တီ မဲဆောက်တို့ဘက်က လာမည်ဟုကြားကြောင်း” ဖော်ပြထားတာတွေ့ ရပါတယ်။ (ဧရာဝတီ-၂၀၁၀-စက်တင်ဘာ-၂)

Saturday, October 16, 2010

Special Links

Lhttp://blog.bitcomet.com/indagator/post_132328/    ( အဲ့ တာက ပရော်ဆီလင့်လေးပါ )
http://www.mysteryzillion.org/forums/archive/index.php/f-57.html  (   ဆော့ဝဲတွေရော ကိုယ်မသိတာတွေ လေ့လာလို့ ရတဲ့ ဆိုက်ပါ မြန်မာလိုလေးပါ  )
http://www.video2mp3.net/ ( YouTube to MP3)
http://www.alpha.com.mm/alphazawgyi2008/ (zawgyi ကုတ်)

http://workgroup.cbox.ws/ (စီဘောက်သီးသန့် လင့်)
apytz.com နဲ့ mymcclub.net (သီချင်းဆိုဒ်)
https://www.ninjacloak.com/       (ကျော်လင့်)

Friday, October 15, 2010

ဟာသလေးပါပဲ

ကားသစ်

ချာတိတ်တစ်ယောက် လမ်းပေါ်တွင် ကြွားနေသည်။
"ငါတို့အဖေ၊ ကားသစ်တစ်စီးရပြီ"
"ဘယ်မှာလဲ အဲဒီကား"
"ကားဂိုဒေါင်ထဲမှာလေ၊ တို့အဖေ တစ်ညလုံး ကားကို ဆေးသစ်သုတ်ပြီး
ကားနံပါတ်ကိုလည်း ပြောင်းလိုက်တယ်"

အလကား မပေးနိုင်ဘူး

ဒဏ်ရာရနေသော ဂျူးတပ်သားကို ရုရှားစစ်သားက ရန်သူများ ဝိုင်းရံထားသည့်
ကြားမှ ကယ်ထုတ်လာသည်။
"အီဗန်၊ ငါ့ကို ပစ်သတ်လိုက်ပါ၊ ဒီဒဏ်ရာနဲ့ ငါသေမယ်ဆိုတာ သေချာတယ်"
"ငါ့ဆီမှာ ကျည်ဆန် မကျန်တော့ဘူးကွ"
"ဒီလိုဆို ငါ့ဆီက နည်းနည်းဝယ်လေ"

အချိန်မရလို့

ကျမသဘောကျတဲ့ ဘောလုံးဆိုဒ်လေးပါ

 ဒီဘောလုံးဆိုဒ်လေးကို 2009 ခုနှစ်မှာအကိုတစ်ယောက်မိတ်ဆက်ပေးသွားတာပါ
ကျမတော်တော်လေးသဘောကျပါတယ်။ ဘောလုံးဆိုဒ်ဆိုပေမဲ့ ဘောလုံးတစ်ခုတည်းမဟုတ်ပဲနဲ့ အခြားဗဟုသုတတွေကိုလည်း တင်ဆက်ပေးနေပါတယ်။ အများခေါ် စီဘောက်မှာလည်း ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုတဲ့အတိုင်းပဲ ခဏတစ်ဖြုတ်တာဝင်လည်တဲ့သူအတွက်ဆို ခေါင်းရှုပ် စိတ်ပျက် ပျော်ရွင်မိမယ်ဆိုပေမဲ့ ပုံမှန်လာကြည့်ပါ တစ်နေ့ တစ်ခါမ၀င်ရရင် တီကောင်ဆားနဲ့ တို့ သလိုခံစားနေရမယ်( မယုံစမ်းကြည့် ခိခိ) အလှုအတန်းရက်ရောတဲ့သူငယ်ချင်းတွေလည်းအများကြီးပါပဲ။။ ခုဆိုရင် မက်ဖန်ဘောလုံးအဖွဲ့ လေးတောင် စတင်လာပီ(နောင်သေချာမသေချာတော့ ကန်တဲ့လူတွေပေါ်ပဲမူတည်တော့မယ်ထင်တယ်) ။ ဒီhttp://www.mutdfan.com/viewjokes.php?id=2258 ဆိုက်လေးရဲ့ အမွှာဆိုက်လေးကတော့ www.mmdailynews.com ပဲဖြစ်ပါတယ်ရှန်...

ဆိုဒ်ပေါင်းစုံကူးထားခြင်း

တကယ်တော့ ကျွန်တော် လွယ်ကူအောင်လို့ ဘယ်နေရာရောက်ရောက် ဖတ်လို့ ရှာလို့ လွယ်အောင် ဒီ Blog လေးကို လုပ်တာပါ...။
.
Blog Entry Blog နည်းပညာ နဲ့ အထွေထွေ...
ko's favorite blog entries:
Aug 31 - 124. Malware အတွက် ဆော့ဝဲလ် အသစ်ပါ..။
Aug 28 - 123. အင်္ဂလိပ် - မြန်မာ အဘိဓာန်...(လိုချင်ရင်ပေါ့လေ..မလိုချင်ရင်နေ...)
Aug 28 - 122. ငါ အလေးချိန်က ကျန်းမာရေးနဲ့ သင့်တော်ရဲ့လား..။
Jul 16 - 121. မိမိ gtalk ကို ဘယ်လို ကာကွယ်ကြမလဲ....
Jul 16 - 120. Gtalk ကနေ လူတွေ အများကြီးနဲ့ Conference ပြောကြရအောင် ……
Jul 16 - 119. Gmail မဟုတ်ပဲ Invisible လုပ်ကြရအောင်....
Jul 16 - 118. Gtalk chat window ထဲမှာပဲ Youtube Video ကြည့်မယ်....
Jul 16 - 117. gtalk ကို skin လှလှလေးနဲ့သုံးရအောင်....
Jul 16 - 116. G-Talk ကနေ မိမိကြိုက်နှစ်သက်ရာသီချင်းတောင်းဆို နားဆင်နိုင်သော အွန်လိုင်း ရေဒီယိုအစီအစဉ်...

ရောက်တတ်ရာရာများစုစည်းခြင်း

လူတို့သည် အရာတော်တော်များများအား ကိုယ့်အတွက်အကျိုးအမြတ်မရှိနိုင်ဟု ယူဆပါက မိမိတို့နှင့် မသက်ဆိုင် သလိုနေတတ်ကြခြင်းမှာ သာမန် ဖြစ်ရိုးဖြစ် စဉ်တစ်ခုပင်ဖြစ်သည်။

Thursday, October 7, 2010

အမြင်အာရုံ၏ လှည့်စားမှု

အမြင်အာရုံ၏ လှည့်စားမှု (၁)
စံပုံစံတစ်ခုကို မြင်နေရမယ်။ စံပုံစံ၏ ထင်ရှားသည့်အရောင်က အနက်ဆိုရင် စံပုံစံပေါ်မှာ အစိပ်အကျဲညီတဲ့ အဖြူရောင်အစက်တွေ ချထားပါစေ..။ မျက်စိက မြင်တဲ့ အဖြူကို အနက်လို့ ဦးဏှောက်က ကြိုးစား ဘာသာပြန်ချင်တယ်။ တကယ်တမ်း အားလုံး အဖြူစက်တွေပါ။
_illusion_500px-Grid_illusion.svg.png

အမြင်အာရုံ၏ လှည့်စားမှု (၂)
အရိပ်ကျနေတယ်လို့ ခံစားရရင် မျက်စိက ကူညီပြီး လင်းကြည့်ပေးချင်တယ်။ ပုံမှာ အရိပ်ထဲက လိမ္မော်ရောင်က ပိုတောက်နေသလိုပဲ။
တကယ်တမ်းမှာ လိမ္မော်ရောင် နှစ်ကွက်စလုံး အရောင်တူညီပါသည်။

Thursday, September 30, 2010

(၂၇-၀၉-၁၀)ရက်က ဗြိတိန် လေဘာပါတီ ညီလာခံမှာ )မဝေနှင်းပွင့်သုန်ရဲ့ Speech မြန်မာဘာသာပြန်.....

ကျွန်မအဖေကို ကျွန်မ ပထမဦးဆုံး မြင်တွေ့ဖူးတာကတော့ သံတိုင်တွေကြားကတဆင့် မြင်တွေ့ရတဲ့ အကျဉ်းထောင်ထဲက အခန်းလေးထဲမှာ ဖြစ်ပါတယ်။ ကျွန်မက ၄ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ သူ့ရဲ့ ၁၉၈၈ ခုမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင် တဲ့ အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့မှုကြောင့် အကျဉ်းကျခဲ့ပါတယ်။ အခုနောက်ထပ်တခါ၂၀၀၇ ခုနှစ် မှာ ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့တဲ့ အရေးအခင်းမှာ ပါဝင်ခဲ့လို့ ထောင်ဒဏ် ၆၅ နှစ်နှင့် ၆ လ အကျခံထားရပါတယ်။ သူက ကျန်းမာရေး တော် တော်မကောင်း ဖြစ်နေပါတယ်။ သူ့မှာ နှလုံးရောဂါရှိပါတယ်။ ဒါပေမဲ့ သူဆက်လက် အသက်ရှင်ဖို့အတွက် လိုအပ်နေတဲ့ ဆေးဝါးကုသခွင့်ကို ငြင်းပယ်ခြင်းခံနေရပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အဖေဟာ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ထဲကမှ တဦးသာ ဖြစ်ပါတယ်။ များစွာသော အကျဉ်းသားတွေဟာ နှိပ်စက်ညှင်းပမ်းခြင်းကို ခံနေရပါတယ်။ သူတို့ဟာ ဆိုရွားလှတဲ့ အခြေအနေအောက်မှာ ရှိနေကြပြီး သမရိုးကျ ဆေးဝါးကုသခွင့်ကိုလည်း မရကြပါဘူး။

ပြီးခဲ့တဲ့ သုံးနှစ်ကာလအတွင်းမှာ နိုင်ငံရေးအကျဉ်းသား ဦးရေဟာ နှစ်ဆနီးပါး တိုးလာပါတယ်။ ဗိုလ်ချုပ်တွေဟာ ဒီမိုက ရေစီ ပြန်လည်တည်ဆောက်နေပါတယ်လို့ ကမ္ဘာကိုပြောနေပါတယ်။ နိုဝင်ဘာမှာ သူတို့က ရွေးကောက်ပွဲပြုလုပ်ဖို့ ရှိပါ တယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲက မြန်မာပြည်ကို စစ်မှန်တဲ့ ပြောင်းလဲမှုကို ဆောင်ကျဉ်းပေးမည့် ရွေးကောက်ပွဲ မဟုတ် ပါဘူး။ ဒီရွေးကောက်ပွဲဟာ စစ်အာရှင်စနစ် ဆက်လက်အာဏာ ချုပ်ကိုင်ထားဖို့အတွက် ပုံဖေါ်ထားတဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။ စစ်သားတချို့ စစ်ယူနီဖေါင်းက နေ အရပ်ဝတ်လဲလိုက်တဲ့ အပြောင်းအလဲသာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဘာမှမကွာခြားသွားတဲ့ အာဏာရှင်တမျိုးတည်းကို အရပ်ဝတ်နဲ့ ပုံစံပြောင်းပြီး ထပ်တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူတွေ ခံစားနေရတဲ့ ဝေဒနာတွေက ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်မ ပြောပြချင်တာက ကျွန်မတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဆက်လက်ပြီး အကျဉ်းကျနေပါတယ်။ သူမရဲ့ ပါတီဟာ ဖျက်သိမ်းခြင်း ခံထားရပါတယ်။ စစ်အုပ်စုကို ဆန့်ကျင်ပြီး ဘယ်သူပဲ ဘာပဲပြောပြော အကျဉ်းချခြင်း ခံရပါတယ်။ ဟာသ လုပ်တာတောင်၊ ကဗျာလေး စပ်တာတောင် အကျဉ်းကျခံကြရတယ်။ မီဒီယာ ဆင်ဆာကလည်း များသထက်များလာနေပါတယ်။ မြန်မာပြည် အရှေ့ပိုင်းက တိုင်းရင်း သားလူအနည်းစု ဧရိယာတွေမှာ အရပ်သားတွေကို ၀င်ရောက်တိုက်ခိုက်မှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေကို ဖျက်ဆီးခံရတာ၊ ရွာတွေမီးရှို့ခံရတာနဲ့ ကလေးတွေ၊ ကလေးငယ်ငယ်လေးတွေပါမကျန် ပစ်သတ်ခံရတဲ့ အစီရင်ခံစာတွေကို Burma Campaign UK က လက်ခံရရှိထားတဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၁၅ နှစ်တာကာလအတွင်း ကျေးရွာပေါင်း ၃၅၀၀ ကို ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။ ဒါတွေဟာ စစ် အာဏာရှင်တွေက ကျွန်မတို့နိုင်ငံအတွက် ဒီမိုကရေစီ ဖေါ်ဆောင်တဲ့ လုပ်ရပ်တွေ မဟုတ်ပါဘူး။ ဒါတွေဟာ အာဏာကို သူ့အလိုလို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်တဲ့ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားတွေရဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။

ကျွန်မအနေနဲ့ လေဘာပါတီနဲ့ မြန်မာနိုင်ငံအရေးကို ထောက်ခံအားပေးတဲ့ လေဘာအစိုးရကို ကျေးဇူးတင်စကား ပြောကြားချင်ပါတယ်။ လေဘာအစိုးရ (UK) ဟာ ကမ္ဘာပေါ်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လက်မခံတဲ့ အကြောင်း ကြေညာတဲ့ ပထမဦးဆုံး အစိုးရဖြစ်ပါတယ်။ သင်တို့အနေနဲ့ ဒီထက်ပိုမို အရှိန်ပြင်းတဲ့ တွန်းအားတွေနဲ့ ဆက်လက် ဦးဆောင်ပြီး မြန်မာနိုင်ငံအပေါ် EU က စီးပွားရေး ပူပေါင်းဆောင်ရွက်မှု ဖြတ်တောက်ရန်၊ ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းပေးမှု ဖြတ်တောက်ရန် တို့အတွက် ဖိအားပေးလုပ်ဆောင်ပေးပါ။ ကျွန်မအနေနဲ့ လေဘာအစိုးရ ၀န်ကြီးချုပ်ဟောင်း Mr Gordon Brown, နှင့် နိုင်ငံခြားရေး ၀န်ကြီးဟောင်း Mr David Miliband တို့ကို ကျွန်မတို့ မြန်မာနိုင်ငံ လွတ်မြောက် ရေးအတွက် လုပ်ရှားမှုကို ဘာအကျိုးအမြတ်မှ မရှိဘဲ လှိုက်လှဲစွာ ထောက်ခံအားပေးမှုအတွက် အထူးကို ကျေးဇူးတင် ကြောင်း ကျွန်မ ပြောကြားပါတယ်(လက်ခုပ်သံများ) ။ ဒီအတွက် ကျွန်မတို့ တကယ်ပဲ ၀မ်းမြောက်ရပါတယ်။

ဒါပေမဲ့ ကမ္ဘာကုလသမဂ္ဂကိုတော့ ကျွန်မအနေနဲ့ အခုပြောတဲ့အတိုင်း မပြောနိုင်ပါဘူး။ ကျွန်မတို့မှာ UN အထွေထွေ အတွင်းရေးမှူးဆီက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း message တွေမကြာခဏ လက်ခံရရှိပါတယ်။ ဒါပေမဲ့ ဘာလုပ်ဆောင်ချက်မှ မရှိခဲ့ပါဘူး။ မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်လို့ ထပ်ခါတလဲလဲ ဂတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ဂတိမတည်ဘူး။ UN ကလည်း အခြေအနေ အပြောင်းအလဲကို စောင့်ကြည့်ရအောင်လို့ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းထောင်ထဲမှာ သေကြရ မည့်အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်နေဖို့ လိုသေးလဲ။ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရမည့် အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်နေဖို့ လိုသေးလဲ။ နောက်ထပ် ရွာတွေထပ်ပြီး မီးရှို့ခံရမည့်အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်ဖို့လိုသေးလဲ။ မျိုးဆက်တခုပြီးတခု ကလေးတွေဟာ ငတ်မွတ်ခေါင်းပါးကာ ကြောက်လန့်တကြားနဲ့ ကြီးပြင်းလာခဲ့ရတယ်။ သူတို့ရဲ့ ကလေးတွေကို ဆုံးရှုံးခဲ့ရတယ်။ UN နဲ့ တခြားတိုင်းပြည်ရဲ့ အစိုးရတွေဟာ ဒါကို လစ်လျူ ရှုကာ ဘာမှမလုပ်ပေးနိုင်ဘဲ နေမြဲတိုင်း နေနိုင်တယ်။ ဒီလို အဖြစ်ဆိုးတွေကို ဆက်လက်ပြီး လက်ခံနေလို့ မဖြစ်ဘူး။

မှန်ကန်တဲ့ ဖိအားမျိုးကို ပေးနိုင်ခြင်း မရှိခဲ့တဲ့အတွက် မြန်မာပြည်က ဗိုလ်ချုပ်တွေဟာ ဖိအားဆိုတာကို လုံးဝဂရုမစိုက်ဘူး။ နိုင်ငံတကာ ဖိအားဆိုတာ တကယ်ပဲ မရှိမဖြစ် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ အသုံးပြုလို့ ရသမျှ ဖိအားမှန်သမျှကို ကျွန်မတို့ အသုံးပြုဖို့ လိုပါတယ်။ ဗိုလ်ချုပ်တွေကို ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သုံးပွင့်ဆိုင် ဆွေးနွေး ရေး ဖြစ်လာအောင် ဖိအားပေးဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ ပိုမိုပြင်းထန်ပြီး ပိုမိုကောင်းမွန်တဲ့ စီးပွားရေး ပိတ်ဆို့မှုကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ စစ်အုပ်စုကို ဒီလို စေ့စပ်ရေးအတွက် ဖိအားပေးဖို့ UN ဦးဆောင်တဲ့ စေ့စပ် ဆောင်ရွက်ရေး အောက်မှာ ကျွန်မတို့ ကမ္ဘာကြီး တခုလုံး ညီညွတ်ဖို့ လိုအပ်ပါတယ်။ UN ကော်မရှင်ကသွားပြီး စစ်အုပ်စုရဲ့ လူသား တွေအပေါ် ကျူးလွန်တဲ့ ကမ္ဘာ့ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးကို ဆောင်ရွက်ဖို့ လိုပါတယ်။

ဒီရွေးကောက်ပွဲကြီး ပြီးသွားရင် ကျွန်မအဖေတို့ကို ထောင်ထဲ သွင်းထားတဲ့ ဥပဒေတွေ အပါအ၀င် စစ်အာဏာရှင်စနစ်ကို ထောက်ပံ့ပြီး မတရား ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေ အားလုံး တရားဝင် ဖြစ်သွားလိမ့်မယ်။ တခါတလေ ကျမမှာ မျှော်လင့်ချက်ကင်းမဲ့သလောက်နီးပါး ခံစားရမိပါတယ်။ တခါတလေ ကျမအဖေကို ကျမတသက် ဘယ်တော့မှ ပြန်တွေ့ နိုင်တော့မှာ မဟုတ်တော့ဘူးလို့ ထင်မိတယ်။ ဒါပေမယ့် ကျမဟာ ကျမအဖေရဲ့ ရဲစွမ်းသတ္တိရှိမှုကို အမှတ်ရနေပါတယ်။ သူဟာ ဘယ်လောက်ပဲ ဝေဒနာ ခံစားနေရပါစေ သူဘယ်တော့မှ ယုံကြည်ချက်ကို စွန့်လွှတ်မှာ မဟုတ်ဘူး ဆိုတာ ကျွန်မ သိနေတယ်။ ကျွန်မတို့ဟာ လွတ်လပ်မှုရဲ့ အောင်ပွဲကို ဆင်နိုင်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီအတွက် သင်တို့ရဲ့ အကူအညီကို လိုအပ်ပါတယ်။ သင်တို့ဟာ တောင်အာဖရိကကို အကူအညီပေးဖို့အတွက် ရောက်ခဲ့ပါတယ်။ ထို့အတူ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုအတွက်လည်း အကူအညီပေးကြပါ။ ကျေးဇူးတင်ပါတယ်။

ကိုယ့်အကြောင်း

ကျမနာမည်ကတော့ ကျန်းဝမ်လို့ ခေါ်တယ်။ သူငယ်ချင်းတွေကတော့ ခေါ်လို့ လွယ်အောင် အ၀မ်တဲ့..မြန်မာနာမည်ရှိတယ် ဒါပေမဲ့မပြောပြတော့ဘူး...မိသားစု 8ယောက်မှာအငယ်ဆုံးပေါ့ အ၀မ်က။ အနုရယ် အ၀ရယ် အမ 5ယောက်နဲ့ အကိုတစ်ယောက်ရှိတယ်။ အကိုက မွေးပြီးသိပ်မကြာဘူးဆုံးသွားပီ အဖေကတော့အ၀မ် 6နှစ်သမီးမှာဆုံးသွားတယ်။ အမေကပဲ ကျန်တဲ့ညီမတွေကိုပြုစုစောင့်ရှောက်လာခဲ့တယ်.