Mung..Tsaw..Shayi..Kaw.. nna..Yawng..Hpe..Grai..Kabu..Gara. ai..Myit..Hte.. Hkap..Tau..La..Nga..Ga..ai,,,,,Welcome.. To ..Mung Tsaw ..Shayi,,,,,အားလုံး..ကို..မျိုးချစ်..ပြည်ချစ်..ပျိုမေ..မှ ..လှိုက်လှဲစွာ..ကြိုဆို..နေပါတယ်...

Join The Community

Thursday, June 2, 2011

သမိုင်း အခြေခံ သဘောတရား

 သမိုင်းဆိုတာ ဘာလဲ၊ သမိုင်း လေ့လာခြင်းမှ ဘာကိုရသလဲ။

ဒီမေးခွန်းကို ဖြေကြည့်ခြင်းဖြင့်
သမိုင်းကို လေ့လာသင်ယူမှုနဲ့ ပါတ်သက်ပြီး အောက်ပါ အတိုင်း ခွဲခြား မှတ်ယူနိုင်ပါတယ်။
သမိုင်းဆိုတာ
  1. နိုင်ငံတွေနဲ့ လူတွေအပေါ် သက်ရောက်မှုတွေဖြစ်စေခဲ့တဲ့ အဖြစ်အပျက်များ( ဥပမာ။ ဒုတိယကမ္ဘာစစ်)
  2. ကမ္ဘာတ၀န်းရှိ လူတွေအပေါ် သက်ရောက်မှုတွေ ရှိခဲ့တဲ့ ရှာဖွေတွေ့ ရှိမှုတွေ၊ တိုးတက်မှု၊ ပြောင်းလဲမှုတွေ
  3. သမိုင်းဆိုင်ရာ ဖြစ်ရပ်တွေမှာ တနည်းနည်းနဲ့ လွှမ်းမိုးမှုရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေ
စသည်တို့ ကို လေ့လာခြင်းဖြစ်ပါတယ်။ ဒီထက် ပို၍ သမိုင်းဟာ လူတစ်ယောက်ချင်းရဲ့ အတွေ့ အကြုံ လုပ်ကိုင်ဖြစ်ပျက် ခဲ့တာတွေလည်း ပါဝင်ပါတယ်။ သာမန်အားဖြင့် စစ်ရေးသမိုင်း၊ နိုင်ငံရေးသမိုင်းတွေသာ အများစုလေ့လာကြပေမဲ့ စီးပွားရေးသမိုင်း၊ ပညာရေးသမိုင်း၊ ယဉ်ကျေးမှုသမိုင်းတွေဟာလည်း အရေးကြီးတဲ့ အခန်းကနေ ပါဝင်တယ်။
သမိုင်းလေ့လာခြင်းမှ ဘာကိုရသလဲ။ ခြုံငုံ၍ စကားလုံးတစ်လုံးတည်းဖြင့်ပြောရလျှင် သက်သေ အချက်အလက် (Evidence) ကိုရရှိသည်။ ထိုအချက်အလက် တွင် သမိုင်းဆိုင်ရာ အထောက်အထားများ၊ ကိုးကားချက်များ၊ ပညာရပ်ဆိုင်ရာ အရင်းအမြစ်များ ပါဝင်သည်။
သမိုင်းစူးစမ်းလေ့လာရေးနည်းလမ်းများ
၁။ အချိန်မျဉ်း (Timeline)
အချိန်မျဉ်းကို သုံးခြင်းဖြင့် ကာလအပိုင်းအခြားအလိုက် သမိုင်းဆိုင်ရာ ဖြစ်ရပ်များကို စုစည်းလေ့လာနိုင်သည်။ အချိန်မျဉ်းဆွဲနည်းမှာ အလွန်ရိုးရှင်းသည်။
·         ယခုဆွဲမဲ့ အချိန်မျဉ်းရဲ့ ရည်ရွယ်ချက်၊ အမည်ရေးပါ၊
·         မျဉ်းတစ်ကြောင်း စာရွက်ပေါ်တွင် ဆွဲပါ။
·         မျဉ်းအစနှင့် အဆုံးတွင် နှစ်အပိုင်းအခြား နှစ်ခုထည့်ပါ။
·         မျဉ်းအလယ်တွင် လည်း သင့်လျော်သော နှစ် အပိုင်းအခြားများ ထည့်ပါ။
·         သက်ဆိုင်ရာ သမိုင်းအချက်အလက်များကို နှစ်အပိုင်းအခြားအလိုက် မျှားထိုး၍ ထည့်ပါ။
ထိုသို့ သော နည်းဖြင့် သမိုင်းကို နှုတ်တိုက် ကျက်မှတ်စရာမလိုဘဲ၊ မိမိကိုယ်တိုင် ပြုစုနိုင်သည်။

0 comments:

Post a Comment