Mung..Tsaw..Shayi..Kaw.. nna..Yawng..Hpe..Grai..Kabu..Gara. ai..Myit..Hte.. Hkap..Tau..La..Nga..Ga..ai,,,,,Welcome.. To ..Mung Tsaw ..Shayi,,,,,အားလုံး..ကို..မျိုးချစ်..ပြည်ချစ်..ပျိုမေ..မှ ..လှိုက်လှဲစွာ..ကြိုဆို..နေပါတယ်...

Join The Community

Tuesday, May 17, 2011

အင်္ဂလန်ရဲ့ပထမဆုံးသော (၁၉)ကြိမ်မြောက်ချန်ပီယံကို ခြေရာခံခြင်း @ အများမထင်မှတ်ထားတာတွေကို လုပ်ပြတတ်သော သရဲနီများ


19th Barclay Premier League Champion Manchester United

1907-1908
ပထမဆုံးချန်ပီယံဆုကို မန်နေဂျာ (ERNEST MANGNALL) မှာ လက်ရှိ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးဖြစ်လာမဲ့ (၁၉)ကြိမ်မြောက်ချန်ပီယံအတွက် ပထမဆုံးသောခြေလှမ်းအဖြစ် ဒုတိယဆုရ အက်စတန်ဗီလာအသင်းကို (၉)မှတ်ဖြတ်ပြီး ပထမဆု ဆွတ်ခူးခဲ့ပါတယ်… အဲဒီအချိန်တုန်းကဆိုရင် အခုလို တစ်ပွဲနိုင်ရင် (၃)မှတ်မဟုတ်ဘဲ အနိုင်ရရင် (၂)မှတ် ရတဲ့စနစ်မှာ ဒုတိယအသင်းကို (၉)မှတ် ဖြတ်ပြီး ချန်ပီယံဖြစ်ခဲ့တယ်ဆိုကတည်းက ပထမခြေလှမ်းဟာ ဘယ်လောက်ကြီးကျယ်ခဲ့သလဲဆိုတာ ပြောပြဖို့ လိုမယ် မထင်ပါဘူး……



၁၉၀၇-၁၉၀၈ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အတွက် ပထမဆုံးဖလားယူပေးခဲ့တဲ့ မန်နေဂျာ Earnest Mangnall နဲ့ သရဲနီတပ်သားများ
1910-1911
သရဲနီတို့အတွက် ဒုတိယမြောက်ဖလားပေါ့ဗျာ… အဲဒီကတည်းက သရဲနီတို့ရဲ့အိမ်ကွင်းဟာ ရန်သူ့သတ်ကွင်းအဖြစ် အစပြုခဲ့တာပါ…. အဲဒီရာသီ အိမ်ကွင်း (၁၉)ပွဲမှာ ၁၄ပွဲ နိုင်၊ ၄ပွဲ သရေ၊ ၁ပွဲ ရှုံးဆိုတဲ့ရလဒ်နဲ့ ပြိုင်ဖက်တွေကို အလဲထိုးခဲ့တာပါ….
1951-1952
SIR MATT BUSBY ဟာ သရဲနီအသင်းကို ၁၉၄၅ ကနေစတင်ကိုင်တွယ်ခဲ့ပြီး ၁၉၄၇၊ ၁၉၄၈၊ ၁၉၄၉ နဲ့ ၁၉၅၀ ခုနှစ်တွေမှာ ဒုတိယဆုတွေနဲ့ ကျေနပ်ခဲ့ရပြီး ၁၉၅၁-၁၉၅၂ ရာသီမှာတော့ သရဲနီတို့အတွက် တတိယဖလားကို အရယူပေးနိုင်ခဲ့ပါတယ်…
1955-1956
အဲဒီနှစ်မှာတော့  EDDI COLMAN, MARK JONE, DAVID PEGG တို့လိုလူငယ်တွေကို လူငယ်အကယ်ဒမီကနေခေါ်ပြီး စီနီယာတွေနဲ့ ပေါင်းစပ်ပေးပြီး စတုတ္ထမြောက်ဖလားကို အရယူပေးခဲ့ပါတယ်…..
1956-1957
အဲဒီနှစ်မှာတည်းက တစ်နှစ်အတွင်းဖလားအများဆုံးယူမဲ့အသင်းဖြစ်ခဲ့ပေမဲ့လည်း FA ဖလား ဖိုင်နယ်မှာ အက်စတန်ဗီလာကို ၂း၁ နဲ့ရှုံးလို့ ဒုတိယရပြီး ပဉ္စမအကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားတစ်လုံးနဲ့ပဲ ကျေနပ်လိုက်ရပြန်ပါတယ်….
1964-1965
၁၉၅၈ မြူးနစ်လေယာဉ်ပျက်မှုဖြစ်အပြီးမှာ ပထမဆုံးပြန်လည်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ဖလားပဲ ဖြစ်ပါတယ်…. မန်နေဂျာ SIR MAT BUSBY ရဲ့ တည့်မတ်မှုနဲ့ GEORGE BEST, DENIS LAW, ယခုအချိန်ထိ သရဲနီသူရဲကောင်းကြီးလုပ်နေတဲ့ BOBBY CHARLTON တို့ရဲ့ကြိုးစားအားထုတ်မှုတွေနဲ့ သရဲနီတို့အတွက် ဆဌမမြောက် ပရီးမီးယားလိဂ်ဖလား ရယူပေးခဲ့တာဆိုရင်လည်း မမှားဘူးပေါ့……


Denis Law တို့သရဲနီတပ်ဖွဲ့ အမှတ်ပေးချန်ပီယံဖလားကြီး ကိုင်မြောက်ခံစဉ်
1966-1967
အဲဒီနှစ်ကတော့ အင်္ဂလန်မှာ အမှတ်ပေးချန်ပီယံ (၇)ကြိမ်စီရထားတဲ့ အာဆင်နယ်နဲ့ လီဗာပူးတို့နဲ့ စံချိန်တူ သတ္တမအကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ရယူပေးခဲ့ပါတယ်…. အဲဒီနှစ်မှာပဲ အခုခေါ်နေတဲ့ ချန်ပီယံလိဂ်ဖလားနဲ့ ပြည်တွင်းလိဂ်ဖလားကို တစ်နှစ်တည်းနဲ့ ရယူနိုင်ခဲ့တဲ့ ပထမဆုံးသော အင်္ဂလန်အသင်း ဖြစ်ခဲ့ပါတယ်….
(၁၉၀၇-၁၉၀၈ ကနေ ၁၉၆၆-၁၉၆၇)ထိကတော့ ယခုလက်ရှိကျွန်တော်တို့ သရဲနီတွေရဲ့ပဲကိုင်ရှင် ဆာဖာဂီကြီးမတိုင်ခင်က ရခဲ့တဲ့ဖလားတွေပေါ့……..



Sir Matt Busby နဲ့ သရဲနီတပ်သားတွေ 1966-67 ခုနှစ်က ယခုခေါ်နေတဲ့ ချန်ပီယံလိဂ်ဖလားကြီး ယူပေးခဲ့စဉ်
ကဲ လာပါပြီ (၁၉)ကြိမ်မြောက်ဆိုတဲ့ အင်္ဂလန်သမိုင်းမှာ ဘယ်သူမှမရေးထိုးဖူးတဲ့သမိုင်းကို သရဲနီတွေ ထိုးစေအောင် ပဲကိုင်ခဲ့တဲ့ ဆာဖာဂီနဲ့ သရဲနီတွေရဲ့ ချန်ပီယံအကြောင်းတွေ…….
1992-1993
ဖာဂူဆန်ဟာ ၁၉၉၂ ဒီဇင်ဘာမှာ ပြင်သစ်သား အဲရစ်ကန်တိုနာကို လိဒ်ယူနိုက်တက်ကနေပြီး မန်ချက်စတာယူနိုက်တက်ကို လက်မှတ်ထိုးခေါ်ယူမှုနဲ့အတူ ဆာဖာဂီရဲ့ပထမဆုံးဖလားအနေနဲ့ သရဲနီတို့အတွက် အဌမအကြိမ်မြောက် အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်….



ဆာဖာဂီကြီးအတွက် ပထမဆုံးဖလားပေါ့
1993-1994
အဲဒီနှစ်မှာတော့ သရဲနီတို့ဟာ နှစ်ဆက် အမှတ်ပေးချန်ပီယံ(န၀မအကြိမ်မြောက်ဖလား)နဲ့အတူ FA ဖလားကိုပါ အိုးထရက်ဖို့ရဲ့ ဖလားများစုဝေးရာအခန်းထဲကို အရောက် သယ်ဆောင်ခဲ့ပါတယ်… ဆတွတ်အကြိုက် ရွိုင်ကိန်းကိုလည်း နော်တင်ဟမ်ဖောရက်စ်အသင်းကနေ ပြောင်းရွှေ့ကြေးစံချိန်ချိုးပြီး အိုးထရက်ဖို့ကို ခေါ်ဆောင်ခဲ့ပါတယ်…. အဲဒီနှစ်မှာပဲ ကန်တိုနာကတော့ PFA အကောင်းဆုံးဆုကို သူ့အိတ်ထဲ ကောက်ထည့်နိုင်ခဲ့ပါတယ်….
1995-1996
အဲဒီရာသီအစမှာပဲ အက်စတွန်ဗီလာကိုရှုံးတဲ့ပွဲအပြီးမှာ ဘောလုံးကျွမ်းကျင်သူတစ်ယောက်က ကလေးတွေနဲ့တော့ အောင်မြင်မှာမဟုတ်ဘူးဆိုပြီး ပြောခဲ့ပါတယ်… ဒါပေမဲ့လည်း အဲဒီအပြောတွေနဲ့တက်တက်စင်အောင်လွဲကြောင်း သက်သေပြပြီး (၁၀)ကြိမ်မြောက်ဖလားကို ရယူခဲ့တာပါ…… ယခုအချိန်ထိ ဘောလုံးကစားနေတဲ့ ပေါလ်စခိုးနဲ့ ဂစ်တို့လို လူငယ်တွေနဲ့ပေါ့…..

1996-1997

ဘက်ခမ်းရဲ့ နာမည်ကျော် ၅၂ မီတာကနေ ဂိုးထဲကို တိုက်ရိုက်ကန်သွင်းခဲ့တဲ့ ဖရီးကစ်နဲ့ မန်ယူရဲ့ ငယ်မွေးခြံပေါက်စစ်စစ်အုပ်စုဖြစ်တဲ့ ဂစ်၊ ပေါလ်စခိုး၊ နဗီးညီနောင်၊ နစ်ကီဘတ်နဲ့ ဘက်ခမ်းတို့ဖြစ်တဲ့ ကလေးတွေနဲ့ သရဲနီတို့အတွက် (၁၁)ကြိမ်မြောက် အမှတ်ပေးချန်ပီယံဖလားနဲ့အတူ တောက်ပခဲ့တဲ့နှစ်ပေါ့….

1998-1999

ဘယ်သူမှမထင်မှတ်တာ မဖြစ်နိုင်ဘူးဆိုတာတွေကို ဖြစ်အောင် သရဲနီတွေလုပ်ပြခဲ့တဲ့နှစ်ပေါ့…. တစ်နှစ်ထဲမှာ ဖလား (၃)လုံးယူပြခဲ့တာလေ…. ချန်ပီယံလိဂ်ဖလား၊ အမှတ်ပေးချန်ပီယံ(၁၂)ကြိမ်မြောက်နဲ့ FA ဖလားတွေပေါ့….


သရဲနီတပ်သားများ တစ်ရာသီတည်း ဖလား (၃)လုံး ယူခဲ့စဉ်ကပေါ့…


ဖိုင်နယ်မှာ ဘိုင်ယိုင်မြူးနစ်ကို ဆိုးလ်ရှားနဲ့ ရှရင်ဂမ်တို့ရဲ့ နောက်ကျဂိုးတွေနဲ့အနိုင်ယူပြီး ချန်ပီယံဖလားကြီးယူခဲ့စဉ်
1999-2000
ဒုတိယနေရာက အာဆင်နယ်ကို (၁၈)မှတ်ဖြတ်ပြီး (၁၃)ကြိမ်မြောက် ပရီးမီးယားလိဂ်ယံဖလားကြီးကို သရဲနီတို့ရဲ့ အိုးထရက်ဖို့ဒ်ရဲ့ ဖလားများစုဝေးရာအခန်းထဲကို ထပ်လောင်း သယ်ဆောင်ခဲ့ပြန်ပါတယ်….အဲဒီနှစ်မှာပဲ ဆတွတ်ရဲ့ အချစ်တော် ရွိုင်ကိန်းကြီးဟာလည်း PFA ကောင်းဆုံးဆုကို သူ့အိတ်ထောင်ထဲ ထည့်ခဲ့သေးတယ်ဗျာ….
2000-2001
ဆာဖာဂီကြီးနဲ့ သရဲနီတပ်သားတွေဟာ အောင်မြင်မှုကို မရပ်တန့်နိုင်ပဲ (၃)နှစ်ဆက်တိုက် (၁၄)ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကြီးကို ထပ်လောင်း အရယူခဲ့ပြန်ပါတယ်…. ဆာဖာဂီကြီးကအင်္ဂလန်နိုင်ငံမှာ ဘယ်နည်းပြမှ မစွမ်းဆောင်နိုင်သေးတဲ့ (၃)နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ဖလားရတဲ့ မန်နေဂျာဆိုတဲ့ ရာထူးကြီးပါ ရသွားပါလေရောလား…..
2002-2003
အစမှာဖာဂီကြီး အနားယူမယ်ဆိုပြီး ကြေငြာခဲ့ပေမဲ့လို့ နောက်မှ စိတ်ပြောင်းပြီး သရဲနီတွေနဲ့ဆက်လက်ပူးပေါင်းပြီး (၁၅)ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကြီးကို အိုးထရက်ဖို့ဒ်ကို အရသယ်ဆောင်သွားခဲ့ပြန်ပါတယ်….

2006-2007

မြေခွေးပြာတွေ တစ်မွန်းတည့်လောက် ကောင်းစားပြီးမှ ဆာဖာဂီကြီးနဲ့ သရဲနီတွေရဲ့ (၁၆)ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလား ကိုင်မြောက်ခဲ့ရတာပေါ့…. ဆက်လက်ပြီး ရော်နယ်ဒိုလ်ဆိုတဲ့ သရဲနီတစ်ကောင်လည်း PFA အကောင်းဆုံးဆုနဲ့ လူငယ် အကောင်းဆုံးဆုကို တစ်ယောက်တည်း သူ့အိတ်ထဲ ကောက်ထည့်ခဲ့ပြန်ပါတယ်….


သရဲနီတပ်သား ရောနယ်လ်ဒို PFA အကောင်းဆုံးဆုနဲ့ လူငယ်အကောင်းဆုကို တစ်ဦးတည်း သိမ်းပိုက်ခဲ့စဉ်


2007-2008
ဆာဖာဂီနဲ့ သရဲနီတပ်သားတွေဟာ သရဲနီတို့အတွက် (၁၇)ကြိမ်မြောက်ဖလားကြီးနဲ့အတူ မော်စကိုမှာကန်တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာလည်း မြေခွေးပြာတွေကို မောင်းထုတ်ပြီး ချန်ပီယံလိဂ်ဖလားကြီးကိုပါ အိုးထရက်ဖို့ရဲ့ ဖလားထားရာအခန်းထဲကို သယ်ဆောင်လာခဲ့ပြန်ပါတယ်…. အဲဒီနှဏ်မှာပဲ သရဲနီတပ်သား ရော်နယ်လ်ဒိုဟာ ဥရောပနဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို သွင်းဂိုး (၄၂)ဂိုးနဲ့ အရယူခဲ့ပြန်ပါသေးတယ်…..


သရဲနီတပ်သားများနဲ့ ပရီးမီးယားလိဂ်ဖလားကြီး




မော်စကိုမှာ မြေခွေးပြာတွေကို အနိုင်ယူပြီး ချန်ပီယံဖလားကြီးကို အရယူခဲ့စဉ်
2008-2009
တစ်ချိန်က အင်္ဂလန်မှာ အအောင်မြင်ဆုံးဂုဏ်ပုဒ်ကို ရယူထားတဲ့ လီဗာပူးတစ်ဖြစ်လဲ ကြိုးကြာတောင်ပံပျက်ကြတွေနဲ့ ဖလားအရေးအတွက်ချင်းတူစေမဲ့ (၁၈)ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကြီးကို အရယူခဲ့ပြန်ပါတယ်…



အင်္ဂလန်မှာအအောင်မြင်ဆုံးဆိုတဲ့ လီဗာပူးအသင်းနဲ့ စံချိန်တူဖလားဖြစ်တဲ့ (၁၈)ကြိမ်မြောက်ဖလား ရယူခဲ့စဉ်က
2010-2011
ဒီနှစ်မှာတော့ ဆာဖာဂီနဲ့ သရဲနီတပ်သားတွေဟာ အင်္ဂလန်အသင်းမှာ အသင်းမှမရေးထိုးဖူးသေးတဲ့ ပရီးမီးယားလိဂ်ဆိုတဲ့ဖလားကြီးကို (၁၉)ကြိမ်မြောက်အဖြစ် ပြိုင်ဖက်မရှိ တစ်ပွဲကျန်နဲ့ သိမ်းပိုက်ခဲ့ပါတယ်…. ဒီလို (၁၉)ကြိမ်မြောက်ဖလားကြီးကို အရယူနိုင်ခဲ့တာကတော့ လွယ်လွယ်နဲ့ရခဲ့တာ မဟုတ်ပါဘူး… FA ရဲ့ သရဲနီတွေကို နီးအမျိုးမျိုးနဲ့ နှိပ်ကွပ်မှုတွေကို အန်တုပြီး အရယူခဲ့ရတာပါ….
ဒီထက်ပိုကောင်းတဲ့သတင်းလေးရှိသေးတယ်ဗျ…. (၂၈)ရက်နေ့မှာ အင်္ဂလန်နိုင်ငံ့ဂုဏ်ဆောင် ဘောလုံးကွင်းကြီးဖြစ်တဲ့ ၀င်ဘလေကွင်းမှာ သရဲနီတွေဟာ ဘာကာဆိုတဲ့ စပိန်အသင်းကိုအနိုင်ယူပြီး သရဲနီတို့အတွက် (၄)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကြီးကို ကိုင်မြှောက်ဦးမယ်ဆိုတာ အသေအချာပဲပေါ့ဗျာ….
** ဆာတွတ်ရဲ့ကုန်ကြမ်းရှာဖွေမှုနဲ့အတူ အမှားလေးတွေများပါခဲ့ရင် လေ့လာမှုအားနည်းတာဖြစ်ပါကြောင်း တောင်းပန်ပါတယ်ဗျာ…..(( http://www.manutdmm.com/archives/8727)) မှ ကူးယူထားခြင်းဖြစ်သည်။

0 comments:

Post a Comment